အားလုံးမင်္ဂလာပါ အမှတ်တရနှင့်ဒဿန တချိန်တုန်းကအဖြစ်အပျက်လေးတွေနဲ့လူတွေကြုံတွေနေရတဲ့စကားလေးတွေစုဝေးရာ မှကြိုဆိုပါတယ် Blogger Templates

Wednesday, July 17, 2013

Myanmar Daily Star

Myanmar Daily Star


ဦးဝီရသူထံ လာရောက်အပ်နှံသူအားလုံး စာရင်းချုပ်မှာ ၉၄၉၀၀၀ ( ကိုးသိန်းလေးသောင်း ကိုးထောင်)

Posted: 16 Jul 2013 10:30 PM PDT


         
 လက်လှမ်းမမီသော ချင်းပြည်နယ်လို ဒေသများ၊ အဆက်အသွယ်မရှိသော မြို့ရွာများမှ အများပြည်သူများထံ မရောက်ရှိသည့်အတွက် တောင်းပန်စကားဆိုရပါမည်။
          အဖွဲ့နှင့်ကောက်သူ။ တစ်ကိုယ်တည်းကောက်သူ၊ တစ်အိမ်တက်ဆင်းကောက်သူ။ တစ်ရွာဝင်တစ် ရွာ ထွက်ကောက်သူ၊ မဏ္ဍပ်ထိုး၍ကောက်သူ။ ဆွမ်းခံရင်းကောက်သူ၊ ကျောင်း မှာစုဝေး၍ကောက်သူ-စသည်ဖြင့် ရဟန်းရှင်လူပြည်သူအများအားလုံးနီးပါး စိတ်အားတက်ကြွစွာပါဝင်ကူညီဆောင် ရွက်ကြသည်ကို တွေ့ ရ၍ ကျေးဇူးတင်ဝမ်းမြောက်မဆုံး ဂုဏ်ယူမဆုံးဖြစ်ရပါသည်။

          ဦးပဉ္ဇင်း ဦးဝီရသူ၏ တာဝန်မှာ အထက်မြန်မာပြည်လက်မှတ်ကောက်ခံရေးသာဖြစ်၍ လက်မှတ်များ အပ်နှံပြီးနောက်ပိုင်း အင်းစိန်ရွာမ (ဗဟို) အဖွဲ့မှ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း  သိစေအပ် ပါသည်။

          ဦးပဉ္ဇင်းအနေဖြင့် ဥပဒေရေးဆွဲရာတွင် တစ်လုံးတစ်ပါဒမျှ ပါဝင်ရေးသားခြင်းမရှိသလို ဥပဒေ ရေးဆွဲသည့် ပညာရှင်များနှင့်လည်း ယနေ့အထိ အဆက်အသွယ်မရှိပါ။
          သို့သော် အောင်မြင်လျှင် ဦးဇင်းကျေးဇူးဆိုကာ ဂုဏ်ပြုမည့်သူများ ရှိသလို၊ မအောင်မြင်လျှင် လက်ညှိုးထိုးမည့်သူများလည်း ရှိပါသည်။
          ထို့ကြောင့် လက်ခုပ်-နှင့် လက်ညှိုး နှစ်မျိုးလုံးကို အပြုံးမပျက် ကြိုဆိုနိုင်ဖို့ ပြင်ဆင်ထားပါကြောင်း တင်ပြအပ်ပါသည်။
                   ဦးပဉ္ဇင်း
                   ဦးဝီရသူ (မစိုးရိမ်)
                   16.7.2013 (PM.10:17)

From:Wira Thu

www.mmdailystar.com

ဆိုတေး နှစ်ရက်အတွင်း သတိပြန်မရပါက ဘန်ကောက်တွင် ကုသမည်

Posted: 16 Jul 2013 09:30 PM PDT


မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည့် ဆိုတေးအားနှစ်ရက်အတွင်း သတိပြန်လည် လာခြင်းမရှိပါက ဘန်ကောက်တွင် ဆက်လက်ကုသမှုခံယူနိုင်ရန် မိသားစုများနှင့် မိတ်ဆွေများက စီစဉ်နေကြကြောင်း ၎င်း၏သူငယ်ချင်းဖြစ်သူ လူရှင်းမောင်က မဇ္ဈိမသို့ ဇူလိုင် ၁၅ရက်က ပြောကြား လိုက်သည်။

ရန်ကုန်မှ မန္တလေးတောင်သာဘက်သို့အသွား မိတ်္ထီလာအမြန်လမ်းမပေါ်တွင် ဇူလိုင် ၁၄ ရက်က ဖြစ်ပွား ခဲ့သော ယာဉ်တိမ်းမှောက်မှုကြောင့် ဆိုတေးသည် ဦးခေါင်း၊ လည်ပင်းနှင့် ခြေထောက် တို့တွင် ဒဏ်ရာအပြင်းအထန်ရရှိထားခဲ့ပြီး ယင်းနေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဦးနှောက်အား ခွဲစိတ်ကုသမှု ခံယူရာတွင် အောင် မြင်မှုရရှိခဲ့သော်လည်း ဇူလိုင် ၁၅ရက် ညနေ ၆ နာရီအထိ သတိပြန်လည် လာခြင်း မရှိပေ။

"ဦးခေါင်းကို ၄၁ချက် ချုပ်လိုက်ရတယ်။ ခြေထောက်က အဆိုးရွားကြီးတော့မဟုတ်ပါဘူး။ ဆရာဝန်ကြီး ကတော့  စိုးရိမ်ရတဲ့အနေအထားက လွတ်မြောက်သွားပြီလို့တော့ ပြော တယ်။ နှလုံးခုန်နှုန်း ကလည်း အခုဆို ၁၃၇ လောက်ဖြစ်လာပြီ"ဟု လူရှင်းမောင်က ဆိုသည်။

ဆိုတေးအားလက်ရှိတွင် ICU ထဲတွင်သာထားရှိဆဲဖြစ်သည်။ ဆိုတေးသည် ယခုနှစ်ပွင့်လင်းရာသီတွင် "မင်္ဂလာပါ ဆိုတေး" အမည်ဖြင့် တေးစီးရီးထွက်နိုင်ရန် ပြင်ဆင်ဆဲကာလတွင် ယခုကဲ့သို့ ဖြစ်ပွား ခဲ့ခြင်းဖြစ် သည်။

From: Mizzima

www.mmdailystar.com

နိုင်ငံတော်သမ္မတဦးသိန်းစိန် Chatham House စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြား

Posted: 16 Jul 2013 08:30 PM PDT


လန်ဒန် ဇူလိုင် ၁၆
ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇူလိုင် ၁၅ ရက် ညနေ ၅ နာရီခွဲတွင် Chatham House ၌ ကျင်းပသည့် "မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု နောက်ကွယ်မှ စိန်ခေါ်မှုများနှင့် အကျိုးရလဒ်များ" ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
ထိုသို့ ပြောကြားရာတွင်-

ကျွန်တော်ရဲ့ ပထမဆုံး ဗြိတိန်နိုင်ငံနဲ့ လန်ဒန်မြို့တော်ကို ရောက်ရှိတဲ့ ခရီးစဉ်အတွင်း ချောလ်တန်ဟောက်စ်မှာ လူကြီးမင်းတို့နဲ့ ယခုလိုတွေ့ဆုံ စကားပြောခွင့်ရတဲ့အတွက် အလွန်ဝမ်းမြောက် မိပါတယ်။

ကျွန်တော်တို့ နှစ်နိုင်ငံအကြားမှာ ရာစုနှစ် နှစ်ခုကျော်ရှည်ကြာတဲ့ ပတ်သက် ဆက်နွယ်မှုတွေ ရှိခဲ့တယ်ဆိုတာ အားလုံးသိကြပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်း ကာလများမှာ နှစ်နိုင်ငံအကြား ဆက်ဆံရေး ကောင်းမွန်တဲ့ အချိန်တွေရှိခဲ့သလို ခက်ခဲတဲ့ အချိန်များကိုလည်း ကျော်ဖြတ်ခဲ့ကြ ရပါတယ်။

သို့သော်လည်း ယခုအချိန်မှာ မြန်မာနဲ့ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းဟာ စာမျက်နှာသစ်တရပ် ဖွင့်လှစ်နိုင်ခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီဆက်ဆံရေး သမိုင်းသစ်မှာ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် သာမကဘဲ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းရာမှာလည်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။

ကျွန်တော်တို့ နှစ်နိုင်ငံအကြား ရင်းနှီးနီးစပ်စေတဲ့ ဆက်စပ်မှုတွေအပေါ်မှာ အခြေခံပြီး ရေရှည်တည်မြဲမယ့် ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်တခုကို ဦးတည် သွားကြရမှာလည်း ဖြစ်ပါတယ်။ နယ်ချဲ့ကိုလိုနီစနစ်ဆိုး ကာလတွေ အတွင်းမှာတောင် မြန်မာပြည်သူများနဲ့ ဗြိတိန်ပြည်သူများအကြား ရင်းနှီးချစ်ကြည်မှုတွေ တည်ဆောက်နိုင်ခဲ့ပြီး ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံများကို တံတားထိုး ဆက်သွယ်ပေးနိုင်သူတွေ ရှိခဲ့ပါတယ်။

ကျွန်တော်တို့တိုင်းပြည်က ထူးချွန်ထက်မြက်တဲ့ အမျိုးသား၊ အမျိုးသမီးများဟာ အင်္ဂလန်မှာ ပညာ သင်ကြားခဲ့ပြီး နောင်တစ်ချိန်မှာ အမျိုးသားခေါင်းဆောင်တွေ၊ ဝန်ကြီးချုပ်တွေ၊ သမ္မတတွေအဖြစ် တိုင်းပြည်ကို အလုပ်အကျွေး ပြုခဲ့တဲ့ သမိုင်းကြောင်း သာဓကများလည်း ရှိခဲ့ပါတယ်။ နှစ်နိုင်ငံအကြားက အတိတ်တွေကို မေ့ပျောက်လို့ မရသလိုဘဲ နက်ရှိုင်းတဲ့ ဆက်နွယ်ပတ်သက်မှုများကိုလည်း အသိအမှတ်ပြုကြရမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အမွေအနှစ်တွေ၊ အတိတ် အကြောင်းတွေနဲ့ နီးစပ်မှုတွေ ရှိကြပြီး ဒါတွေကို အားသာချက်တွေအဖြစ် အသုံးပြုရမှာ ဖြစ်ပါတယ်။

ကျွန်တော်ဟာ မြန်မာသမိုင်းရဲ့ အရေးကြီးတဲ့ အချိုးအကွေ့တစ်ခုမှာ လူကြီးမင်းတို့နဲ့ အခုလို တွေ့ဆုံ စကားပြောကြားခွင့်ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရဟာ ၂၀၁၁ ခုနှစ် ဧပြီလမှာ စတင်တာဝန်ယူခဲ့ပြီး ယနေ့ကာလမှာ မည်သည့်နိုင်ငံမှာမှ မကြုံဘူးသေးတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးကို တာဝန်ယူ လုပ်ဆောင် နေရတာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ကဏ္ဍပေါင်းစုံကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် ကဏ္ဍတိုင်း၊ နေရာတိုင်း အောင်မြင်မှသာလျှင် ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တခုလုံး အောင်မြင်တယ်လို့ ဆိုနိုင်မှာလည်း ဖြစ်ပါတယ်။

အခုအချိန်မှာ မြန်မာနိုင်ငံကို လာရောက်သူတိုင်း မြင်သာနိုင်တဲ့ အချက်တခုကတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကနေ အကောင်အထည်ဖော်ပေးလိုက်တဲ့ ရလဒ်တခုဖြစ်တဲ့ မတူညီတဲ့ အတွေးအခေါ်တွေ၊ စဉ်းစားမှုပုံစံတွေရဲ့ အားကောင်းတဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ဆွေးနွေး ငြင်းခုန်မှုများကနေ ပေါ်ပေါက်လာတဲ့ ခွန်အားပဲဖြစ်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ မအောင်မြင်လို့ မဖြစ်ဘူးလို့ လက်ခံသိရှိထားကြတဲ့အတွက် ဒီလို ရလဒ်တွေ ရရှိလာတာလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ ပထမဆုံး ကဏ္ဍကတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တရပ် ပေါ်ပေါက်ပြီး ဖြစ်သလို ရွေးကောက်ပွဲများလည်း ကျင်းပနိုင်ခဲ့ပါပြီ။ သတင်းမီဒီယာနဲ့ အင်တာနက် ပိတ်ပင်ကန့်သတ်မှုတွေကိုလည်း ရပ်တန့်နိုင်ခဲ့ပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်နဲ့ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကို ကာကွယ်တဲ့ ဥပဒေများလည်း ပြဋ္ဌာန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော အကျဉ်းသားများကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ တစ်ဦးတယောက်မျှ မကျန်ရှိစေရေးအတွက် ယခင်နိုင်ငံရေး အကျဉ်းသားဟောင်းများ ပါဝင်တဲ့ ကော်မတီ တစ်ရပ် ဖွဲ့စည်းပြီး စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။ ယခုနှစ် ကုန်ချိန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ဦးမျှ မကျန်အောင် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်းလည်း အသိပေးပြောကြား လိုပါတယ်။

ကျွန်တော်တို့ဟာ ရာစုနှစ်တဝက်လောက်ကြာတဲ့ ဗဟိုဦးစီးစနစ်နဲ့ စစ်အုပ်ချုပ်မှု ပုံစံကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနိုင်ဖို့အတွက် ယခုလို ပြုပြင်ပြောင်းလဲမှု များကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အခုကိစ္စဟာ လွယ်ကူတဲ့ ကိစ္စမဟုတ်တာကို လူကြီးမင်းတို့ အနေနဲ့ နားလည်လက်ခံ ထားကြမယ်လို့လည်း ယုံကြည်ပါတယ်။ ရုတ်ခြည်းနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို အင်စတီကျူးရှင်းများက ခံနိုင်ရည်မရှိတဲ့ ကိစ္စတွေနဲ့ ဒီမိုကရေစီဓလေ့ ရှင်သန်ခိုင်မာမှု မရှိနိုင်သေးတဲ့ အခြေအနေမှာ အကြမ်းဖက်မှုနဲ့ မင်းမဲ့စရိုက်ဆန်စွာ ပြုကျင့်တဲ့ ကိစ္စရပ်တွေကိုလည်း နေရာအနှံ့မှာ ကြုံတွေ့ရလျက်ရှိပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်တဲ့ အခါမှာ ကျွန်တော်တို့ရဲ့ လက်တွေ့ အခြေအနေအမှန်နဲ့ ကိုက်ညီပြီး မှန်မှန်နဲ့မြန်မြန် ဆက်သွားနိုင်အောင်လည်း သတိကြီးစွာ ထားပြီး ဆောင်ရွက်နေရပါတယ်။

ဒီမိုကရေစီဆိုတဲ့နေရာမှာ ရွေးကောက်ပွဲတွေ၊ အခြေခံလွတ်လပ်ခွင့်တွေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေသာမက ဒီမိုကရေစီ ယဉ်ကျေးမှု ဓလေ့တွေ၊ ကျင့်ဝတ်တွေနဲ့ နိုင်ငံသား ဖြစ်မှုကို နားလည်တဲ့ ပုံစံတွေလည်း ပါဝင်ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ဟာ အလွန်လွယ်ကူတဲ့ ကိစ္စတခုဖြစ်လိမ့်မယ်လို့ စိတ်ကူးယဉ်ထားခြင်းမျိုး မရှိသလို တဖက်မှာလည်း ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အောင်မြင်ဖို့အတွက် အပြည့်အဝ ယုံကြည်မှု ရှိပါတယ်။

ကျွန်တော်တို့ အောင်မြင်ဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ရဲ့ ဒုတိယ မျက်နှာစာ တစ်ရပ်ကတော့ ဗဟိုအစိုးရက ချုပ်ကိုင်ပြီး အထီးကျန်တဲ့ စီးပွားရေးပုံစံကနေ ကမ္ဘာ့ဈေးကွက်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် ရှိတဲ့ ဈေးကွက်စီးပွားရေး မူဝါဒများကို အခြေခံတဲ့ စီးပွားရေးပုံစံတခုကို ပြန်လည် မူဘောင်ချ တည်ဆောက်မှုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ သဘာဝသယံဇာတတွေ အမြောက်အမြားကို ပိုင်ဆိုင်ထားပါတယ်။ အာရှတိုက်ရဲ့ လမ်းဆုံလမ်းခွ အချက်အချာကြတဲ့ တရုတ်နဲ့ အိန္ဒိယအကြားမှာ တည်ရှိပြီး အရှေ့တောင်အာရှ နိုင်ငံများနဲ့ ထိစပ်နေတဲ့အတွက် မက်မောလောက်ဖွယ်ရှိတဲ့ ပထဝီ အနေအထားကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ အလွန်ကို အလားအလာ ကောင်းတဲ့ နေရာတစ်ခုဖြစ်တယ်ဆိုတာကိုလည်း နားလည် သိရှိပါတယ်။ နိုင်ငံတကာ ကုန်သွယ်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုများအတွက် ကျွန်တော်တို့ နိုင်ငံရဲ့ ဈေးကွက်တွေကို ဖွင့်လှစ်သွားရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ အခါမှာလည်း ဆင်းရဲ နွမ်းပါးမှုလျော့ချနိုင်ဖို့နဲ့ သာမန်လယ်သမား၊ အလုပ်သမား လူတန်းစားများအထိ အကျိုးကျေးဇူး ခံစားနိုင်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သန်းပေါင်းများစွာသော ပြည်သူများကို ဆင်းရဲတွင်းကနေ ကယ်ထုတ်နိုင်ရေးထက် အရေးကြီးတဲ့ကိစ္စ မရှိနိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အဂတိလိုက်စားမှုတွေ တိုက်ဖျက်သွားရမှာ ဖြစ်သလို သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးကိုလည်း အားထုတ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီလို ကိစ္စတွေကို ဦးတည်ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ အရေးကြီးတဲ့ အဆင့်များကို ဖော်ဆောင်ပြီး ဖြစ်ပါတယ်။ ငွေလဲနှုန်း ပုံစံမျိုးစုံဖြစ်နေတဲ့ ငွေကြေးလဲလှယ်မှု စနစ်ကို ပြုပြင်ခြင်း၊ နိုင်ငံတကာ ကြွေးမြီများကို စနစ်တကျ ပြန်လည် ညှိနှိုင်းခြင်း၊ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းရေး၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ မူဝါဒ အသစ်များ ပြဋ္ဌာန်းခြင်း တို့ကို ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းများနဲ့ အခြေခံ အဆောက်အဦတွေ ဖြစ်တဲ့ လျှပ်စစ်ကဏ္ဍ၊ ဆက်သွယ်ရေးနဲ့ နည်းပညာ ကဏ္ဍများမှာလည်း တိုးတက်မှုတွေ ဖော်ဆောင် နိုင်ခဲ့ပါတယ်။

သဘာဝ သယံဇာတတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့နဲ့ ပွင့်လင်းမြင်သာမှု ရှိစွာ ဆောင်ရွက်နိုင်ဖို့ အတွက် ကျွန်တော်တို့အနေနဲ့ EITI အဖွဲ့ဝင် တစ်နိုင်ငံဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ သယံဇာတ ကပ်ဆိုက်မှု မကြုံတွေ့စေရေးနဲ့ သယံဇာတများကိုလည်း ဆင်းရဲနွမ်းပါးမှု လျော့ချရေး မှာ ထိရောက်စွာ အသုံးပြုနိုင်ရေးကို ဆောင်ရွက်ရမှာ ဖြစ်သလို အဂတိလိုက်စားမှုကို အားပေးတာမျိုး မဖြစ်စေဖို့လည်း စနစ်တကျ ဆောင်ရွက် လျက် ရှိပါတယ်။

မြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများဟာ အလွန်ပဲ ကြီးမားပါတယ်။ ဥပမာ ပြောရရင် မြေယာပိုင်ဆိုင်မှု ကိစ္စရပ်တွေဟာ တကယ်တော့ အလွန်ရှုပ်ထွေးပြီး တရားဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာနဲ့ ကိုင်တွယ်ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ရေရှည်အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဆောင်ရွက် ချက် တစ်ခုအနေနဲ့ တရားမျှတ ပွင့်လင်းမြင်သာပြီး လွယ်ကူရှင်းလင်းတဲ့ မြေယာ ပိုင်ဆိုင်ခြင်း မူဝါဒတွေကို ကျွန်တော်တို့ ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပညာရေးနဲ့ ငွေကြေးဝန်ဆောင်မှု ကိစ္စရပ် တွေဟာလည်း အားရလောက်ဖွယ် အနေအထား မရှိသေးတာကို တွေ့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်နိုင်ဖွယ်ရှိတဲ့ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍကို အခြား နိုင်ငံများမှ ခရီးသွားလုပ်ငန်းကြောင့် ကြုံတွေ့ခဲ့ရတဲ့ ဆိုးကျိုးတွေလို မဖြစ်ပေါ်စေ ရအောင် စနစ်တကျ စီမံခန့်ခွဲမှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၃၀ ခုနှစ်လောက်ကျရင် မြို့ပြတွေမှာ ခန့်မှန်းတွက်ချက်မှုအရ လူဦးရေ ၁၀ သန်းလောက် ထပ်တိုးလာနိုင်ပြီး ဒါဟာ ကျွန်တော်တို့ အရေးတကြီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မြို့ပြ စီမံကိန်းများကိုလည်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေရပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံး မြို့ပြကြီး တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့ကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတား မဖြစ်စေဘဲ တွန်းအားတခု ဖြစ်စေဖို့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်မှုတွေ၊ စိမ်းလန်း စိုပြည်မှုတွေ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပနံရတဲ့ မြို့ကြီးတစ်မြို့ ဖြစ်အောင် ဆောင်ရွက် လျက် ရှိနေပါတယ်။

ကျွန်တော်တို့ အနေနဲ့ ဗြိတိန်အစိုးရရဲ့ ကူညီထောက်ပံ့မှုများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ သို့သော်လည်း ကျွန်တော်တို့ အနေနဲ့ အခြားနိုင်ငံတွေရဲ့ အကူအညီတွေပေါ်မှာ မှီခိုနေတဲ့ နိုင်ငံမဖြစ်လိုပါဘူး။ ကျွန်တော်တို့နိုင်ငံ အနေနဲ့ အနာဂတ်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရေးအတွက် အခုလို အသွင် ကူးပြောင်းရေး ကာလမှာ ပညာရေးနဲ့ အရည်အသွေးမြှင့်တင်မှု အကူအညီတွေ အထူးလိုအပ်ပါတယ်။ အလိုအပ်ဆုံးကတော့ မြန်မာပြည်သူများ ဆင်းရဲတွင်းကနေ လွတ်မြောက်စေဖို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မယ့် တာဝန်သိပြီး တာဝန်ယူတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေပဲ ဖြစ်ပါတယ်။ နည်းပညာနဲ့ အတွေ့အကြုံ လွှဲပြောင်းပေးနိုင်မယ့် ဒေသတွင်း စီးပွားရေး အောင်မြင်မှုမှာ ကျွန်တော်တို့နိုင်ငံ ပါဝင်လာနိုင်စေဖို့ ကူညီပေးနိုင်မယ့် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်များကို အခြားအာရှနိုင်ငံများက လူငယ်များနဲ့ တန်းတူရည်တူ အခွင့်အရေး ပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါတယ်။

ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ တတိယ မျက်နှာစာလည်း ဖြစ်တဲ့ အရေးကြီးဆုံးကဏ္ဍလို့လည်း ဆိုရမယ့် ကိစ္စကတော့ ပြည်တွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး တရားမျှတမှုနဲ့ ရေရှည်တည်တံ့တဲ့ အလုံးစုံ ငြိမ်းချမ်းရေး ရရှိရေးပဲ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရပြီး လပိုင်း အကြာမှာပဲ စတင်ခဲ့တဲ့ ဒီလက်နက်ကိုင် ပဋိပက္ခဟာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး လက်နက်ကိုင် ပဋိပက္ခ တခုဖြစ်နေဆဲ ဖြစ်ပါတယ်။ အာနိုးလ်တွိုင်ဘီ ချာလ်တန်ဟောက်စ်ရဲ့ ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်စဉ်တည်းက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခတွေ စတင်နေခဲ့တာလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလက်နက်ကိုင် ပဋိပက္ခ တွေကို ရပ်တန့်ပစ်ရပါမယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ငြိမ်းချမ်းရေး ရရှိဖို့ မနားမနေ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိ ရှိနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေကြားမှာ ကာလရှည်ကြာ ခံစားနေခဲ့ရတဲ့ ခါးသီးတဲ့ ဒဏ်ရာတွေ၊ စူးနစ်တဲ့ အတွေ့အကြုံ တွေနဲ့ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေအပေါ်မှာ အမြစ်တွယ်လျက် ရှိနေပါတယ်။ နောက်ထပ် ထူးခြားတဲ့ အချက် တစ်ချက်ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့တည်းနဲ့ မဟုတ်ဘဲ ၁၂ ဖွဲ့ကျော်နဲ့ ငြိမ်းချမ်းရေး တည်ဆောက်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်တစ်ရပ်ရဲ့ နက်နဲရှုပ်ထွေးမှုကို ၁၂ နဲ့ မြှောက်ပြီး ကျွန်တော်တို့နိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကို မှန်းဆကြည့်နိုင်ပါတယ်။ ဒီစိန်ခေါ်မှုတွေမှာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှမှု၊ နိုင်ငံရေးအာဏာခွဲဝေမှု၊ စီးပွားရေး အသီးအပွင့်ခွဲဝေမှုနဲ့ လုံခြုံရေး ကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ပါဝင်ပါတယ်။

တစ်ဆက်တည်းမှာပဲ လုံခြုံရေးကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး တော့လည်း မြန်မာနိုင်ငံတော် အစိုးရအနေနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို နိုင်ငံတကာ နဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ ဆန္ဒရှိပါတယ်။ မြန်မာနှင့် ဗြိတိန် တပ်မတော်တို့အကြား ရင်းနှီးချစ်ကြည်တဲ့ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်လိုပါတယ်။ လက်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်း လုံခြုံရေး ကိစ္စရပ်တွေကို ပိုမိုခိုင်မာစေရုံသာမက ကမ္ဘာ့လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ ကိုလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံတော် အစိုးရ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အရေးကြီး လုပ်ငန်းစဉ် တွေထဲက အဓိက လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ် ကို ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့အတွက် လိုအပ်တဲ့ နည်းပညာပိုင်း စွမ်းရည်တွေကို ဖြည့်ဆည်းခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန် မြှင့်နိုင်မှာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီအစိုးရ အုပ်ချုပ်ရေး စနစ်ကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ဖို့အတွက် တပ်မတော် အပါအဝင် နိုင်ငံတော်လုံခြုံရေး အင်အားစုတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင် သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ စစ်ဘက်- အရပ်ဘက် ဆက်ဆံရေး မြန်မြန်ဆန်ဆန် တိုးတက်ကောင်းမွန်လာဖို့နဲ့ ရရှိလာတဲ့ တိုးတက်မှုတွေကို ဆက်လက် ခိုင်မာနေစေဖို့အတွက် နိုင်ငံတကာရဲ့ အကူအညီတွေ အကြံပြုချက်တွေကို ကြိုဆိုလျက် ရှိပါတယ်။ ဒီကိစ္စတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အောင်မြင်ဖို့ အတွက် အဓိကကျတဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ဂုဏ်ယူစွာ ပြောကြားလိုတာကတော့ ကျွန်တော်တို့ အစိုးရ တာဝန်ယူထားတဲ့ နှစ်နှစ်တာ ကာလအတွင်းမှာ အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးနီးပါးနဲ့ အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ KIO အဖွဲ့အစည်းနဲ့ လည်း ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက် အချို့ကို ပြီးခဲ့တဲ့ မေလ အကုန်ပိုင်းမှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

လာမယ့်ရက်များအတွင်းမှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ အရေးကြီးတဲ့ အဆင့်တစ်ဆင့်ကို ကျော်ဖြတ် နိုင်တော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်းခြောက်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သေနတ်သံတွေ ချုပ်ငြိမ်းမယ့်နေ့ ဖြစ်လာမှာ ဖြစ်တဲ့အတွက် ဒီလက်မှတ် ရေးထိုးနိုင်မှုဟာ အလွန်အရေးကြီးတဲ့ သမိုင်းအချိုးအကွေ့ တစ်ခုဖြစ်ပြီး အားလုံးက ဝမ်းမြောက်ဂုဏ်ယူ ပျော်ရွှင်ကြရမယ့်  ကိစ္စတခုလည်း ဖြစ်ပါတယ်။ သို့သော်လည်း ဒါဟာ ကျွန်တော်တို့ မျှော်လင့်နေတဲ့ တရားမျှတပြီး ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးရဲ့ ကနဦး ခြေလှမ်းမျှသာဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုတွေကနေတစ်ဆင့် သဘောတူညီချက်တွေ ရရှိအောင် ခက်ခဲတဲ့ ဆွေးနွေးမှုတွေကို မဖြစ်မနေ ဆက်လက် လုပ်ဆောင်သွားရဦးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အောင်မြင်မှုဟာ ပြည်သူလူထုအားလုံးကို ကိုယ်စား ပြုနိုင်တဲ့ မြန်မာ့အမျိုးသားရေး လက္ခဏာသစ် ( National Identity) တရပ် တည်ဆောင်နိုင်မှုနဲ့ တိုက်ရိုက်ဆက်စပ် ပတ်သက်နေပါတယ်။ တိုင်းရင်းသား မျိုးနွယ်စုများ အားလုံး၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာနဲ့ ဟိန္ဒူဘာသာ စတဲ့ လူမျိုးဘာသာမရွေး မြန်မာနိုင်ငံသားများ အားလုံးသဘောတူညီ လက်ခံနိုင်တဲ့ National Identity သစ်တရပ်ကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပေါင်းစုံနဲ့ ယဉ်ကျေးမှု ဓလေ့စုံရှိတဲ့ မြန်မာနိုင်ငံမှာ မတူညီတဲ့ တိုင်းရင်းသား ဘာသာစကားပေါင်း အမြောက်အများကို ပြောဆိုတဲ့ လူမျိုးစုများနဲ့ ကမ္ဘာမှာ ကြီးမြတ်တဲ့ ဘာသာတရားကြီးများကို အသီးသီး ကိုးကွယ်ယုံကြည် သူများစွာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလော ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံ တကာ အသိုင်းအဝိုင်း အနေနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ကြရပါတယ်။ ကျွန်တော့် အနေနဲ့ အကြမ်းဖက်မှုတွေ၊ လူမျိုးရေးနဲ့ ဘာသာရေး မုန်းတီးမှုတွေ ပေါ်ပေါက်အောင် သွေးထိုး လှုံ့ဆော်သူ မည်သူကိုမဆို လုံးဝ သည်းခံခွင့်လွှတ်သွားမှာ မဟုတ်ဘူးဆိုတဲ့  မူဝါဒကို ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

လူကြီးမင်းများ သိထားကြတဲ့အတိုင်း အသွင်ကူးပြောင်းရေးကာလတွေမှာ ပေါ်ပေါက် လာတဲ့ နိုင်ငံရေး ပွင့်လင်း လွတ်လပ်မှုတွေကို ခုတုံးလုပ်၊ အမြတ်ထုတ်ပြီး မလိုလား အပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာအောင် လုပ်ဆောင်ကြသူများ ရှိတတ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ နုနယ်သေးတဲ့ ဖွံ့ဖြိုးဆဲ ဒီမိုကရေစီဆိုတဲ့ အနေအထား တစ်ရပ်ကနေ ကိုင်တွယ်ဖြေရှင်းနေရတာ ဖြစ်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး ကွဲပြားခြားနားမှုတွေကို အာဏာရှင်စနစ်ဆီကို ပြန်ဦးတည်ဖို့ ခုတုံးလုပ် အသုံးချခံရခြင်းမျိုး မဖြစ်စေဖို့အတွက် ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေး ပွဲတွေ ဖြစ်မြောက်အောင်၊ မတူညီတဲ့ လူ့အဖွဲ့အစည်း အသိုက်အဝန်းတွေကြားမှာ နားလည်ယုံကြည်မှုတွေ တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ ဒီတာဝန်ရဲ့ နက်နဲ သိမ်မွေ့မှုတွေကို အသိအမှတ်ပြု နားလည်ပေးဖို့၊ လိုအပ်တဲ့ စိတ်ရှည်သည်းခံမှုတွေ ထားရှိပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။

လတ်တလော သတင်းခေါင်းစဉ်တွေ သက်သက်ထက် ကျော်လွန်ခဲ့တဲ့ နားလည်မှုတွေ ထားရှိပေးကြဖို့လည်း တိုက်တွန်း လိုပါတယ်။ လတ်တလောမှာ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေရှိခဲ့ပေမယ့် မတူညီတဲ့ ရိုးရာဓလေ့တွေနဲ့ ကိုးကွယ် ယုံကြည်မှုတွေ ရှိကြတဲ့ မြန်မာနိုင်ငံသား အားလုံးဟာ သူငယ်ချင်းတွေ၊ ကျောင်းနေဖက်တွေ၊ လုပ်ဖော်ကိုင်ဖက် တွေ အိမ်နီးချင်းတွေ အဖြစ် ရင်းနှီးချစ်ကြည်စွာနဲ့ နှစ်ပေါင်းရှည်ကြာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့လည်ခေါင်မှာ နှစ်ပေါင်းများစွာ အတူယှဉ်တွဲ တည်ရှိလာတဲ့ ဗုဒ္ဓဘာသာဝင်များရဲ့ ဘုရားပုထိုးစေတီများ၊ ခရစ်ယာန် ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ၊ ဂျူးဘာသာဝင်များရဲ့ ဘုရားရှိခိုး ကျောင်းများ၊ တရုတ်ဘုံကျောင်းများနဲ့ အစ္စလာမ် ဘာသာဝင်များရဲ့ ဗလီများဟာ ကွဲပြားမှုများ အပေါ်မှာ အစဉ်အလာအရ စိတ်ရှည်သည်းခံနိုင်စွမ်းရှိတဲ့ မြန်မာ့ လူ့အဖွဲ့အစည်း ဖြစ်တယ်ဆိုတာ ပြသနေတဲ့ သက်သေ သာဓကများပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ် အလာတွေ အပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ကွဲပြားခြားနားတဲ့ ဝိသေသ တွေကို အားနည်းချက် မဖြစ်စေဘဲ အင်အားတွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ ပါဝင်နေတဲ့ ကဏ္ဍအားလုံးဟာ တစ်ခုနဲ့တစ်ခုကို အပြန်အလှန် အကျိုးပြုပြီး အားဖြည့်ကူညီပေးပါ တယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ငြိမ်းချမ်းရေးမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု မရနိုင်ပါဘူး၊ ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲနဲ့လည်း ငြိမ်းချမ်းရေး မရနိုင်ပါဘူး၊ လူ့အခွင့်အရေးတွေ မရှိရင် တော့ နှစ်ခုစလုံး မရနိုင်ပါဘူးလို့ ဆိုထားပါတယ်။ ကျွန်တော့်အနေနဲ့ ထပ်မံဖြည့်စွက် ချင်တာကတော့ ဒီမိုကရေစီကို ဦးတည်တဲ့ လက်တွေ့ကျတဲ့ ဖြစ်ထွန်းတိုးတက်မှု တွေကလည်း မရှိမဖြစ်လိုအပ်တယ်ဆိုတာပဲဖြစ်ပါတယ်။

ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ သမိုင်းမှာ တစ်ကြိမ်တခါမှ မကြုံဖူးသေးတဲ့ ဆောင်ရွက် မှုကြီး တစ်ရပ်ဖြစ်ပါတယ်။ ဗဟိုအုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဆီ၊ ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးကနေ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်စီ ကူးပြောင်းနေတဲ့ တစ်ပြိုင်နက်တည်းမှာပဲ မတူညီတဲ့ သဘောသဘာဝရှိတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၁၂ ခုကို တည်ဆောက်နေရသလို ဆယ်စုနှစ်ပေါင်းများစွာ နောက်ကျ ကျန်နေ ခဲ့တဲ့ နိုင်ငံတကာဆက်ဆံရေးမှာလည်း ဆက်ဆံရေးပုံစံသစ် တစ်ခုကို ပြန်လည် တည်ဆောက်နေရပါတယ်။

ကျွန်တော်တို့ အနေနဲ့ ဒီလိုခက်ခဲတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို နှစ်ပေါင်းများစွာ အထီးကျန်ဆန်နေခဲ့ရတဲ့ အခြေအနေတွေနဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံမှု အားနည်းခဲ့ရတဲ့ ပြည်သူတွေအကြားမှာ အားနည်းမှုတွေရှိတဲ့ အင်စတီကျူးရှင်းတွေ၊ ခေတ်စနစ်နဲ့ အံဝင်ခွင်ကျ မဖြစ်တော့တဲ့ အင်စတီကျူးရှင်းတွေနဲ့ ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကြိုးပမ်း ဆောင်ရွက်နေတာဟာ အသစ်တည်ဆောက်ရတာ မဟုတ်ဘဲ ရှိရင်းစွဲအခြေအနေများကနေ ပြုပြင်ပြောင်းလဲယူရတာဖြစ်ပြီး ဆယ်စုနှစ်များစွာ အထီးကျန်ဆန်ခဲ့ရတဲ့ အခြေအနေတွေ ကနေ ပေါ်ပေါက်လာတဲ့ စဉ်းစားတွေးခေါ်မှု ပုံစံတွေကို ပြောင်းလဲဖို့ ကြိုးပမ်းဆောင် ရွက်နေရပါတယ်။ ကျွန်တော်တို့ အနေနဲ့ အခင်းအကျင်းသစ်တွေကို ဦးတည်ချီတက် နေရသလို အရှိန်မသေသေးတဲ့ စနစ်ဟောင်းရဲ့ အမူအကျင့်များ ကိုလည်း ရပ်တန့်နိုင်ဖို့ ကြိုးပမ်းနေရပါတယ်။

ဒီလိုအခက်အခဲတွေကြားထဲမှာ ကျွန်တော်တို့အစိုးရအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး ဆောင်ရွက်အကောင်အထည်ဖော်လာခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ ရည်ရွယ်ချက်ကတော့ တစ်ခုထဲပဲ ရှိပါတယ်။ ကျွန်တော်တို့ မျိုးဆက်သစ်လူငယ်တွေ အတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်၊ ပိုမိုကောင်းမွန်ပြည့်စုံတဲ့ ဘဝတစ်ခု ဖန်တီးပေး နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရဟာ ပြည်သူ့အစိုးရ ဖြစ်တယ်လို့ခံယူထားတာနဲ့အညီ ပြည်သူတွေရဲ့ဘဝကို မြှင့်တင်နိုင်ဖို့အတွက် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အစွမ်းကုန်ကြိုးစား အကောင်အထည်ဖော်လျက်ရှိပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီနည်းလမ်းကျ ပေါ်ပေါက်လာမယ့် အစိုးရသစ်အတွက် အခြေခံ ကောင်းတွေ ဖန်တီးပေးနေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်တော့မှာ ဖြစ်ပြီး ဒါဟာကြီးမားတဲ့ တာဝန်တစ်ရပ် ဖြစ်ပါတယ်။ ဒီလို တာဝန်ယူမှုဟာ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေမှာ မြန်မာနိုင်ငံရဲ့ စိတ်အားထက်သန်မှုကို ပြသတာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး သက်သက်ကိုသာမကဘဲ ကမ္ဘာလုံးချီတဲ့ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် ကျရာတာဝန်ကို ထမ်းဆောင်နိုင်တဲ့ ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ရေးကိုပါ ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံရဲ့ သမိုင်းစာမျက်နှာသစ်ဖွင့်ချိန်မှာ မိတ်ဆွေသစ်တွေ ရရှိသလို ဗြိတိန်နိုင်ငံလို မိတ်ရင်းဆွေဟောင်း နိုင်ငံများရဲ့ အားပေးထောက်ခံမှုတွေ၊ နားလည် ယုံကြည်မှုတွေ၊ အပြု သဘောဆောင်တဲ့ ထောက်ပြဝေဖန်မှုတွေကလည်း အရေးပါတယ်လို့ ယုံကြည်ပါတယ်။ ဗြိတိန်နိုင်ငံ နဲ့လည်း ရေရှည် တည်တံ့တဲ့ ရင်းနှီးချစ်ကြည်မှုကို တည်ဆောက်သွားနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ မျှော်လင့်ပါတယ် ဟု ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု အထူး စိတ်ဝင်စားသူများ၊ ပညာရှင်များက မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ နိုင်ငံတော်အစိုးရ၏ လူ့အခွင့်အရေးမြှင့်တင်မှု အခြေအနေများ၊ မြန်မာဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြသည်။

ယင်းသို့ မေးမြန်းချက်များနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်း၊ ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဋ္ဌေးဦး၊ ဒုတိယဝန်ကြီးများနှင့် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်မျိုးထွဋ်တို့ တက်ရောက်ကြပြီး Chatham House ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာအရေး စိတ်ဝင်စားသူများ တက်ရောက်ကြသည်။

From:သမ္မတရုံး

www.mmdailystar.com

စစ်ရေးပူးပေါင်းမှု မြှင့်တင်ရန် ဗြိတိန်ဝန်ကြီးချုပ် ကမ်းလှမ်း

Posted: 16 Jul 2013 07:30 PM PDT


ဆယ်စုနှစ်ပေါင်းများစွာ ဆက်ဆံရေး ပြတ်တောက်ခဲ့သည့် မြန်မာ့တပ်မတော်နှင့် ဗြိတိန် တပ်မတော် တို့အကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှု မြှင့်တင်ရန် သမ္မတဦးသိန်းစိန်ကို ဗြိတိန်ဝန်ကြီးချုပ်   ဒေးဗစ်ကင်မရွန်း က ကမ်းလှမ်းလိုက်ကြောင်း ဇူလိုင်လ ၁၅ ရက်နေ့က ဘီဘီစီ သတင်းဌာနတွင်   ဖော်ပြထား သည်။ သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ ဇူလိုင်လ ၁၅ ရက်နေ့က လန်ဒန်မြို့ အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ် ရုံးခန်းတွင် တွေ့ဆုံစဉ် အထက်ပါအတိုင်း ကမ်းလှမ်း လိုက်ခြင်း ဖြစ်သည်။ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် နှစ်နိုင်ငံ တပ်မတော်တို့အကြား အပြန်အ လှန် ပူးပေါင်းဆောင်ရွက်မှုများတွင် ဗြိတိန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ အတူတ ကွ ဆောင်ရွက်နိုင် မည်ဟု  ယုံကြည်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ပြောကြားသည်။ "မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အများကြီး ကြိုဆိုပါတယ်။ 

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း လွတ်လပ်မျှတပြီး ပွင့်လင်းစွာ ဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်" ဟု ဝန်ကြီးချုပ် ကင်မရွန်းက ဆိုသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အလေ့အထများ ဖွံ့ဖြိုးတိုး တက်ရေးနှင့် နိုင်ငံတွင်း ပဋိပက္ခများ ဖြေရှင်းရာတွင် ဗြိတိန်နိုင်ငံက အဓိက အခန်းကဏ္ဍမှ ပါဝင်ကူညီရန် ဆုံးဖြတ် ထားကြောင်း၊ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးကဏ္ဍများတွင် အကူအညီပေးရန် သမ္မတဦးသန်းစိန် ၏ ဗြိတိန်ခရီးစဉ်အတွင်း ကမ်းလှမ်းမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယဝန်ကြီး Mr.Hugo Swire က ပြောကြားထားသည်။ မြန်မာ့တပ်မတော်၏ လက်ရှိအနေအထားမှာ လက်နက်ပစ္စည်းပိုင်း ဆိုင်ရာတွင် သာမက အရည်အသွေး မြှင့်တင်ရေး အပိုင်းတွင်ပါ များစွာလိုအပ်နေသေးပြီး ဗြိတိန်ကဲ့ သို့သော ခေတ်မီတပ်မတော် ပိုင်ဆိုင်ထားသည့် နိုင်ငံကြီးများ ကူညီမှုမှာ လွန်စွာ အရေးပါကြောင်း   နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ "စစ်ရေးနဲ့ မဆိုင်တဲ့ ပဋိပက္ခ ကိုင်တွယ်ထိန်းသိမ်းရေး နဲ့ အခြားလေ့ကျင့်ရေး ကဏ္ဍတွေမှာ ကူညီဖို့ အရင်ကလည်း   ပြောထားတာ ရှိတယ်" ဟု ၎င်းက ဆိုသည်။ 

လက်ရှိ မြန်မာနိုင်ငံ၏ လုံခြုံရေး ကဏ္ဍတွင် ရဲတပ်ဖွဲ့၏ ပါဝင်နိုင်မှုကိုလည်း မြှင့်တင်လျက်ရှိပြီး နည်းပ ညာနှင့် အရည်အသွေးပိုင်း မြှင့်တင်ရန် မျာစွာ လိုအပ်နေသေးကြောင်း ၎င်းက ထပ်လောင်းပြောကြား   သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အားပေး ကူညီ  ရန် မြန်မာ့တပ်မတော်နှင့် ပူးပေါင်းမှုများ ပိုမိုမြှင့်တင်ရန် ဗြိတိန်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချဒ် သည် ဇွန်လဆန်းပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့သည်။ သမ္မတဦးသိန်းစိန်သည် ၎င်း၏ အရပ်သားအစိုးရ နှစ်နှစ်ကျော် ကာလ   အတွင်း ဒုတိယမြောက် ဥရောပ ခရီးစဉ်အဖြစ် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သို့ သွားရောက်နေခြင်းဖြစ်ပြီး နှစ်ရက်ကြာ နေထိုင်မည့် ဗြိတိန်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့ထုတ် The Voice သတင်းစာ တွင် ဖော်ပြထားပါသည်။ 
From:The Voice

www.mmdailystar.com

ကေတီဗွီအချို့ ပါတီအမည်ခံ ဖွင့်ထားကြောင်း တာဝန်ရှိသူပြောကြား

Posted: 16 Jul 2013 06:30 PM PDT



ကလေးမြို့၊တပ်ဦးသီတာ ရပ်ကွက် ပါတီအချို့ အမည်ခံများဖြင့် ဖွင့်လှစ်ထား   သော   ကေတီဗွီ များရှိနေကြောင်း၊ အဆိုပါ ရပ်ကွက်ရှိ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။ ကလေးမြို့ မူးယစ်ဆေးဝါး ကိစ္စ များနှင့် ပတ်သက်၍ နေပြည် တော်မှ ဒုရဲချုပ်ဦးဆောင်သော အဖွဲ့ ကလေးမြို့သို့ ရောက်ရှိလာ ချိန်ကတည်း က တရားမ၀င်အမှု များအားလိုက်လံဖော်ထုတ်လျက် ရှိရာ ကလေးမြို့ ကေတီဗွီများ လည်းပိတ် ထားပြီးမြို့နယ်အုပ်ချုပ် ရေးရုံးမှလည်း ဇူလိုင်လ (၄) ရက် ကတည်းက တရားမ၀င် လုပ်ကိုင် နေသောကေတီဗွီလုပ်ငန်းများအား သက်ဆိုင်ရာရပ်ကွက်အသီးသီးရှိ အုပ်ချုပ်ရေးမှူးများသို့ ဖမ်းဆီး အရေးယူရန် အကြောင်းကြား ထားပြီး ဖြစ်ကြောင်း သိရသည်။

""လက်ရှိ ကျွန်တော်တို့ ရပ် ကွက်မှာ ကေတီဗွီ သုံးခုရှိတယ်။ တစ်ခုက NLDပါတီစည်းရုံးရေးမှူး ကသူ့ အမည်နဲ့ ဖွင့်ထားတယ်။တစ်ခုက ကလေးဝက ၈၈မျိုးဆက်ကျောင်းသားဆိုတဲ့သူက လူတစ်   ယောက်  နာမည်နဲ့ ဖွင့်ထားတာ၊ အခု မိန်းမက မန်နေဂျာလုပ်နေ တယ်။အခုတော့ မလာတော့ဘူး။ အရင်ကတော့ တစ်ပတ်တစ် ခေါက်လာတယ်။ နောက်တစ်ခု ကတော့ ကျားဖြူပါတီ အမည်ခံနဲ့ပါ"" ဟု ၎င်းကဆက်လက်ပြောကြား ခဲ့သည်။ လက်ရှိအချိန်တွင် ကေတီဗွီများ ဖွင့်လှစ်ခြင်းမရှိ သော်လည်း တိတ်တဆိတ် ပြည်တန်ဆာ လုပ်ငန်းများ ဆက် လက်လုပ်ကိုင်နေကြောင်း ၎င်းကဆက်လက်ပြောကြား ခဲ့သည်။
 
From: MIN YE SIS NAING

www.mmdailystar.com

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လန်ဒန်မြို့တွင်းလှည့်လည်လေ့လာ မြန်မာမိသားစု အသိုင်းအဝိုင်းအားတွေ့ဆုံ

Posted: 16 Jul 2013 05:30 PM PDT




နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အဖွဲ့သည် ဇူလိုင် (၁၅) ရက် ညနေ ၃ နာရီခွဲတွင် လန်ဒန်မြို့ရှိ သိမ်းမြစ်အတွင်း GOLDEN SALAMANDER သင်္ဘောဖြင့် လှည့်လည်၍ ဆိပ်ကမ်းသာယာအောင် ဆောင်ရွက်ထားမှု၊ လန်ဒန်တစ်မြို့လုံးကို မြင်နိုင်သည့် London Eye ဟု တင်စားသည့် ချားရဟတ်၊ အထင်ကရနေရာများဖြစ်သည့် ပါလီမန် အဆောက်အအုံ၊ Big Ben နာရီစင်၊ St. Paul Cathedral စိန့်ပေါလ်ဘုရားကျောင်း၊ St. Thomas Hospital? Park Plaza? National Theatre? မြစ်ကျော် ကားလမ်းရထားလမ်း တံတားများကို ကြည့်ရှုလေ့လာကြသည်။

ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၅ မိနစ်တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် သီတင်းသုံးတော်မူလျက်ရှိသော သန္တိသုခကျောင်း၊ သုဝဏ္ဏသိင်္ဂီမိုးကုတ်ကျောင်း၊ တိသရဏဝိဟာရကျောင်း၊ သာသနာ့သီဝိဟာရကျောင်း၊ လန်ဒန် ဝိဟာရကျောင်းနှင့် လန်ဒန် ရွှေကျင်ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်များနှင့် လန်ဒန်မြို့တွင် ရောက်ရှိနေကြသော မြန်မာမိသားစု အသိုင်းအဝိုင်း များအား ခေတ္တတည်းခိုသည့် ဟိုတယ်၌ တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်း လျှောက်ထားသည်။

ထိုသို့တွေ့ဆုံပြီးနောက် ဆရာတော်များနှင့်အတူ နိုင်ငံတော်သမ္မတသည် ဆုတောင်း မေတ္တာပို့သကြပြီး စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း မြန်မာ့လွတ်လပ်ရေး အတွက် ဆွေးနွေး ညှိနှိုင်းရန် ဗြိတိန်နိုင်ငံ သွားရောက်စဉ် နေထိုင် ခဲ့သည့် Dorchester  Hotel သို့ သွားရောက်လေ့လာပြီး ဗိုလ်ချုပ်အောင်ဆန်း ခရီးစဉ်နှင့် ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများကို လေ့လာခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် မြန်မာသံအမတ်ကြီးနေအိမ်၌ သံရုံးဝန်ထမ်းမိသားစု များနှင့်မြန်မာမိသားစုများအား တွေ့ဆုံ၍ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးကို တိုးမြှင့်နေမှုများ၊ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာ၌ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍတို့တွင် ပြုပြင်ပြောင်းလဲနေမှုများကို ရှင်းလင်း ပြောကြားခဲ့ပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။

From:သမ္မတရုံး

www.mmdailystar.com

ယာဉ်ထိန်းရဲ ဝတ်စုံဝတ်ပြီး ကမိလို့ တရားစွဲခံရသူ အာမခံရပြီ

Posted: 16 Jul 2013 08:30 AM PDT


အင်တာနက် စာမျက်နှာတွေပေါ်မှာ သရုပ်ဆောင် မင်းမင်းထွဏ်း ပါဝင်တဲ့ "ယာဉ်ထိန်းရဲ၏ ကကွက်ဆန်း" ဆိုတဲ့ ဗီဒီယိုဖိုင်ကို ပြည်သူတဦးက တင်ခဲ့ရာကနေ စတင်ပြီး မင်းမင်းထွဏ်း၊ ရိုက်ကူးသူ ဒါရိုက်တာနဲ့ ကြော်ငြာကုမ္ပဏီတို့ တရားစွဲဆို ခံရပေမယ့် အခု တရားရုံးက အာမခံပေးလိုက်ပြီလို့ သိရပါတယ်။

မင်းမင်းထွဏ်း၊ ဒါရိုက်တာ ဇော်ကိုကိုနဲ့ Mango ကြော်ငြာ ကုမ္ပဏီကို ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်မရဘဲ ရဲဝတ်စုံ သုံးစွဲမှု၊ တပ်ဖွဲ့ဂုဏ် ညှိုးနွမ်းစေမှုတို့အတွက် ပုဒ်မ (ပ) ၂၄၄/ ၁၃၊ ပုဒ်မ ၁၇၁/ ၅၀၀/ ၁၁၄ တို့နဲ့ တရားစွဲဆို အမှုဖွင့်ထားခဲ့တာလို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲ အမှတ် ၆ ဒုတိယတပ်ခွဲမှူး ဦးသာဌေးက ဧရာဝတီကို ပြောပါတယ်။

ရန်ကုန် ဆူးလေဘုရားလမ်းနဲ့ အနော်ရထာ လမ်းထောင့်၊ ဆူးလေမီးပွိုင့်မှာ Life and Dance အကအဖွဲ့ ခေါင်းဆောင် မင်းမင်းထွဏ်းက ယာဉ်ထိန်းရဲ ဝတ်စုံဝတ်ပြီး Vi Cee ဆေးပြား ကြော်ငြာကို ရိုက်ကူးနေစဉ်မှာ ပြည်သူတဦးက အမှတ်တရ ဗီဒီယို ရိုက်ကူးခဲ့ပြီး ယာဉ်ထိန်းရဲ၏ ကကွက်ဆန်း ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်တာနက် စာမျက်နှာတွေပေါ်မှာ တင်ခဲ့ရာက ပျံ့နှံ့ သွားခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင် မင်းမင်းထွဏ်းက ယာဉ်ထိန်းရဲဝတ်စုံကို ဝတ်ဆင်ပြီး Vi Cee ဆေးပြား ကြော်ငြာအတွက် သရုပ်ဆောင်ခဲ့တာကို ဒါရိုက်တာ ဇော်ကိုကိုက ရိုက်ကူးပြီး Mango ကြော်ငြာကုမ္ပဏီအတွက် ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ရဲမှူးကြီး ဦးသာဌေးက "ကျနော်တို့ဘက်က တရားလိုလုပ်ပြီး အမှုဖွင့်ထားတာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၇၁၊ ၅၀၀၊ ၁၁၄ တို့နဲ့ ဖွင့်ထားတာပါ။ ပြစ်မှုဆိုင်ရာ ၁၇၁ က ခွင့်ပြုချက် တစုံတရာ မရရှိဘဲနဲ့ ရဲဝတ်စုံကို ဝတ်ဆင်သုံးစွဲလို့၊ ပုဒ်မ ၅၀၀ ကတော့ တပ်ဖွဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမှုပါ။ အမှုဖွင့်ထားတာက ကတဲ့ မင်းမင်းထွဏ်းရယ်၊ ဒါရိုက်တာ လုပ်တဲ့ သူရယ်၊ ကြော်ငြာ ကုမ္ပဏီရယ်ပါ။ ကျောက်တံတား ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဇူလိုင် ၁၃ ရက်နေ့က ဖွင့်ထားတာပါ" လို့ ရှင်းပြပါတယ်။

ဇူလိုင် ၁၃ ရက်နေ့က အမှုဖွင့်ထားခဲ့ပေမယ့် အဲဒီအမှုမျိုးက ကိုယ်တိုင်ဝန်ခံချက်နဲ့ တောင်းရင်တောင် အာမခံပေးလို့ရတဲ့ အမှု ဖြစ်တာကြောင့် တရားစွဲဆိုတဲ့ ဇူလိုင် ၁၃ ရက်နေ့ကပဲ ရဲစခန်းက အာမခံပေးလိုက်ကြောင်း၊ ဒီနေ့ ဇူလိုင် ၁၆ ရက်နေ့မှာတော့ တရားရုံးကနေ အာမခံပေးလိုက်တာ ဖြစ်တဲ့အကြောင်း ကျောက်တံတားရဲစခန်းက ရဲအရာရှိတဦးက ဆိုပါတယ်။

သရုပ်ဆောင် မင်းမင်းထွဏ်းကို ဧရာဝတီက ဆက်သွယ်ခဲ့ပေမယ့် သူ့ရဲ့ လက်ကိုင်ဖုန်း ပိတ်ထားပါတယ်။

အဲဒီ ကြော်ငြာရိုက်ကူးမှုနဲ့ ပတ်သက်ပြီး Mango ကြော်ငြာကုမ္ပဏီရဲ့ တာဝန်ရှိသူတဦးကတော့ ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါဘူးလို့ ဧရာဝတီကို ပြောပါတယ်။

"အခုတော့ အမှုရင်ဆိုင် နေတုန်းပါပဲ။ ဘယ်သူကိုမှ ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါဘူး။ အားလုံး ပြေလည်သွားအောင် ကြိုးစား နေပါတယ်။ အားလုံး အဆင်ပြေသွားရင် အကောင်းဆုံးဖြစ်မှာပါ" လို့ သူက ဆိုပါတယ်။

Vi Cee ဆေးပြားကြော်ငြာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မော်ဒယ်လ် အမ်ဆိုင်းလူကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ သူ ဘာမှ မပြောချင်ဘူး၊ ကြော်ငြာမှာ သရုပ်ဆောင်အဖြစ် ခေါ်ရိုက်လို့ ရိုက်ခဲ့တာပါလို့ ပြောပါတယ်။

ယာဉ်ထိန်းရဲ၏ ကကွက်ဆန်း ဆိုတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ဖူးတဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတဦးက "အဲဒီ ဗီဒီယိုကို ကြည့်တော့ ကြော်ငြာမှန်း မသိဘူး။ ဒါဟာ ကြော်ငြာပဲ ဖြစ်ဖြစ်၊ တကယ်ပဲ ဖြစ်ဖြစ် ယာဉ်ထိန်းရဲတွေကို မုန်းမသွားပါဘူး။ အဲဒီ ဖိုင်ကို ကြည့်ပြီး ချစ်ခင်စိတ်တောင် ဖြစ်သွားပါတယ်။ စိတ်အမောတောင် ပြေသေးတယ်" လို့ ဆိုပါတယ်။

Vi Cee ကြော်ငြာကို ဒါရိုက်တာဇော်ကိုကိုက ရိုက်ကူးခဲ့ပြီး ယာဉ်ထိန်းရဲ အဖြစ် မင်းမင်းထွန်းက သရုပ်ဆောင်ကာ၊ မော်ဒယ်လ် ဆန်းတိုးနိုင်၊ ရှိုင်းဝေယံ၊ Bobby Soxer၊ M ဆိုင်းလူ တို့က သရုပ်ဆောင်ထားခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဆိုရင် ယာဉ်ထိန်းရဲတွေ ကိုယ်တိုင်က ယာဉ်ကျောပိတ်ဆို့မှုကို ဖြေရှင်းရင်း ကျပ်ညပ်နေတဲ့ ကားတွေပေါ်က လူတွေ စိတ်မညစ်ရအောင်၊ စိတ်အပန်းပြေအောင် ကပြတာမျိုးတွေ ရှိပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ညဈေးတန်းမှာ ယာဉ်ထိန်းရဲတွေ ဂစ်တာတီး သီချင်းဆိုပြနေတာမျိုးလည်း ရှိတယ်လို့ ကြားသိရပါတယ်။

မြန်မာပြည်က အကဝိဇ္ဇာကတော့ ယာဉ်ထိန်းရဲဝတ်စုံ ဝတ်ပြီး ကမိလို့ တရားစွဲခံနေရပါပြီ။ အကမတော် တမှုလို့ပဲ ဆိုရလေမလား …။

From: ဧရာဝတီ

www.mmdailystar.com

၁၀ တန်းကျောင်းသူ အား လူကုန်ကူးရန် ကြိုးပမ်းသူ ဘော်ဒါဆောင်မှ ဆရာ /ဆရာမ အား ဖမ်းဆီးမိ

Posted: 16 Jul 2013 07:30 AM PDT


ရွှေကူမြို့၊ အမှတ်(၄) ရေပြန်ကြီး ရပ်ကွက်တွင် ဖွင့်လှစ် ထားရှိသည့် ပန်းပျိုးလက် ပုဂ္ဂလိက ဘော်ဒါ ဆောင်မှ နည်းပြ ဆရာမ ဒေါ်ခိုင်ဇာနှင်း (အဖ ဦးမောင်ချို)၊ ဘော်ဒါဆောင် ပိုင်ရှင် ဦးအောင်ဇော်မိုး နှင့် နည်းပြ ဦးအောင်ဇော်ထက်တို့သည် ၄င်းတို့ ဘော်ဒါ ဆောင်တွင် ညအိပ် စာသင်နေသည့် ရွှေကူမြို့ ရေပြန်ကြီး ရပ်ကွက်နေ မယဉ်ကလျာဖြိုး(ခ) မရေနဒီဖြိုး (အဖ ဦးကျော်ဝင်း) (၁၀ တန်း သူ) အား ဇူလိုင်လ ၆ ရက်နေ့ တွင် မိဘ အုပ်ထိန်း သူအား အသိ မပေးဘဲ ရွှေကူမြို့မှ မန္တလေး မြို့သို့ စည်းရုံး ခေါ် ဆောင်သွားပြီး မန္တလေးမှတဆင့် ဇူလိုင်လ ၈ ရက်နေ့ တွင် တောင် ကြီး မြို့ သိင်္ဂီ တည်းခိုခန်းသို့ ရောက်ရှိ တည်းခို ခဲ့ကြောင်း ကြားသိရ ပါတယ်။

ဇူလိုင်လ ၉ ရက်နေ့ နံနက် ၁၀း၃၀ နာရီတွင် တာချီလိတ် မြို့ဘက်သို့ ဘင်ကား တစ်စီးဖြင့် စင်းလုံးငှား ထွက်ခွာ သွားကြောင်း စုံစမ်းသိရှိရသဖြင့် ရွှေကူမြို့ မြို့မိ မြို့ဖများ၏ အကူ အညီဖြင့် တောင်ကြီး မြို့ရှိ မိတ်ဆွေများ ထံအကူ အညီ တောင်းခံ၍ တောင်ကြီးမြို့ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ရုံးသို့ သတင်း ပို့ပြီး ဆက်လက် ဆောင်ရွက် ခဲ့ရာ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၈ နာရီတွင် တောင်ကြီး- တာချီလိတ် ကားလမ်း ပေါ်တွင် တာလေ ရဲကင်း စခန်းမှ တားဆီး ဆောင် ရွက် နိုင်ခဲ့ ကြောင်း၊

ယင်းဖြစ်စဉ်တွင် ဦးအောင်ဇော်မိုး၊ ဦးအောင်ဇော်ထက် နှင့် ဆရာမ ဒေါ်ခိုင်ဇာနှင်း တို့သည် မယဉ်ကလျာဖြိုးအား လူကုန်ကူးမှု ဆောင်ရွက်ရန် ကြိုးပမ်း အားထုတ်ခဲ့သဖြင့် ဖမ်းဆီးအရေးယူ ထားပါ တယ်။
ဦးအောင်ဇော်ဦး နှင့် ဦးအောင်ဇော်ထက် တို့သည် ရွှေကူမြို့နယ် ပညာရေးမှူး ရုံးမှ လွန်ခဲ့သော (၁၀)ရက် ခန့်တွင် ပျောက်ဆုံး ခဲ့သည့် ငွေကျပ် (၂၁)သိန်း အား ဖေါက်ထွင်း ခိုးယူသူ များဟု သံသယဖြင့် ရွှေကူ မြို့နယ်ရဲ စခန်းတွင် အမှုဖွင့် ခံထားရ သူများ ဖြစ်ကြောင်း ကြားသိရပါတယ်။
From:မြ၀တီ

www.mmdailystar.com

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့နှင့် တွေ့ဆုံ

Posted: 16 Jul 2013 06:30 AM PDT



ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီတွင် Sofitel St.James Hotel ၌ ဗြိတိန်နိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဗြိတိန်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ကြသည့် Roll Royce  ဥက္ကဋ္ဌ၊ Lioyds Insurance ဥက္ကဋ္ဌ၊ Jubilan Oil and Standard Life  ဒါရိုက်တာ၊ Jardine Matheson ဒါရိုက်တာ၊ Bank of England  ဒုတိယဥက္ကဋ္ဌဟောင်း၊ Diethelm ကုမ္ပဏီဥက္ကဋ္ဌနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

အလားတူ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၁၅မိနစ်တွင် ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Rt.Hon. Philip Hammond နှင့် တွေ့ဆုံခဲ့သည်။

From:သမ္မတရုံး

www.mmdailystar.com

ကိုမြအေး၊ ဝေနှင်းပွင့်သုန်နဲ့ BCUK တို့၏ အသားထဲက လောက်ထွက်မှုများ

Posted: 16 Jul 2013 05:30 AM PDT


Burma Campaign UK ဆိုတဲ့ ဘားမားဆိုတဲ့ နာမည်ကို ခုတုံးလုပ်ပြီး မြန်မာပြည် ပျက်စီးရာပျက်စီးကြောင်းတွေကိုပဲ လုပ်နေတဲ့ နိုင်ငံရေးလုပ်စားအဖွဲ့ရဲ့ page ကို ၀င်ကြည့်ပြီး အတော်အကုသိုလ်များသွားတယ်။ မြန်မာပြည်ကို ပျက်စီးရာပျက်စီးကြောင်း မြန်မာပြည်သိက္ခာကျရာ ကျကြောင်းလုပ်နေတဲ့ အဖွဲ့အနေနဲ့ Burma လို့နာမည်ခံထားတာ အင်မတန်စိတ်ပျက်စရာ ကောင်းတယ်။
Burma Campaign UK နာမည်ခံထားပြီး တကယ်လုပ်နေတာက မြန်မာလူမျိုးတွေ အကျိုးရှိရာရှိကြောင်းမဟုတ်ဘဲ ဘင်္ဂါလီတွေအတွက် လုပ်နေတာဖြစ်လို့ Bingali Campaign UK လို့်တောင် နာမည်ပြောင်းသင့်နေပြီ။ အဲဒီမှာ ဘင်္ဂါလီ အရေးကို အဓိကဦးဆောင်လုပ်နေတာက ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမြအေး သမီး ဝေနှင်းပွင့်သုန်။

ကိုမြအေးအနေနဲ့ ရိုဟင်ဂျာကို လက်မခံပါဘူးပြောပြီး သမီးဖြစ်သူက ဘင်္ဂါလီအရေးလုပ်နေတာ ဘာသဘောလဲ? အိမ်ထောင်ပြုတာတောင် မိဘကပေးစားရင် သေခါနီးအဖိုးကြီးကိုတောင် ယူရတဲ့ မွတ်ဆလင်မိသား စုမှာ အဖေ့စကားနားမထောင်ဘဲ သမီးဖြစ်သူ ဆုံးဖြတ်ချက်နဲ့ လွတ်လွတ် လပ်လပ် ပြောဆို လုပ်ကိုင်နေပါတယ်လို့ ဆင်ခြေပေးမယ်ဆိုရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ အဖေဖြစ်သူက မြန်မာ့နိုင်ငံရေးစင်မြင့်မှာရထားတဲ့နေရာကနေ ဖယ်မပေးရအောင် နိုင်ငံရေးပရိယာယ် သုံးပြီး ဘင်္ဂါလီကို လက်မခံပါဘူးလို့ ညာပြောပြီး ၈၈စင်မြင့်မှာ ထိုင်ခုံတစ်နေရာဦးထားချိန်မှာ သမီးဖြစ်သူက မြန်မာ့အရေးမျက်နှာဖုံးစွပ်ပြီး နိုင်ငံတကာအဆင့် ဘင်္ဂါလီအရေးလုပ်နေတယ်။ ဒါဟာ သားအဖနှစ်ယောက် အတိုင်အဖောက်ညီညီနဲ့ ပြည်တွင်းပြည်ပ လှုပ်ရှားနေတယ်လို့ပဲ ယူဆတယ်။

၁။ဝေနှင်းပွင့်သုန်ရဲ့ လုပ်ရပ်တွေဟာ မြန်မာလူထုအားလုံးလက်မခံတဲ့ ဘင်္ဂါလီတွေဘက်က အားပေးရာကျ လို့ သားသမီးမကောင်းမိဘခေါင်း ဆိုတဲ့အတိုင်း အဖေဖြစ်သူ ကိုမြအေးအနေနဲ့ တကယ့်ကို စိတ်ရင်းနဲ့ ဘင်္ဂါလီကို လက်မခံရိုးမှန်ရင် တားဆီးဖို့ တာဝန်ရှိတယ်။ တိုးတိုးတိတ်တိတ် တားဆီးလို့ မရရင် ဝေနှင်းပွင့်သုန်ရဲ့ ဘင်္ဂါလီနဲ့ပတ်သတ်ပြီး လှုပ်ရှားမှုတွေကို ကိုမြအေးက လက်မခံပါဘူးလို့ လူသိရှင်ကြားကြေညာရမယ်။

၂။ ၈၈မျိုးဆက်အဖွဲ့ဟာ အမျိုးသားရေးအပေါ်သစ္စာရှိတယ်လို့ ဦးကိုကိုကြီးကိုယ်တိုင်ပြောထားလို့ ၈၈မျိုးဆက် အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးရဲ့ သမီးက ဘင်္ဂါလီအားပေးလုပ်ရပ်တွေ လုပ်နေတာ ကို အဖေဖြစ်သူ ကိုမြအေးကို တားဆီးခိုင်းရမယ်။ မတားဆီးနိုင်ရင် ကိုမြအေးကို အဖွဲ့က ထုတ်ပစ်သင့်တယ်။ မထုတ်ပစ်ရင် ၈၈မျိုးဆက်အဖွဲ့ အတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာ လိမ့်မယ်။

၈၈မျိုးဆက်အဖွဲ့ဟာ တိုင်းပြည်အတွက် တကယ်အနစ်နာခံခဲ့တယ်ဆိုတာ မြန်မာပြည်ကို တကယ်ချစ်တယ် ဆိုတာ လက်ခံပေမဲ့ ဘင်္ဂါလီအရေးဟာ မြန်မာလူထုတစ်ရပ် လုံး ပြင်းပြင်းထန်ထန်ဆန့် ကျင်နေတဲ့ကိစ္စ ဖြစ် လို့ ကိုမြအေးကို အားနာပြီး ဒီကိစ္စကို လျစ်လျှူပြုခဲ့မယ်ဆိုပါက ပြည်သူလူထုရဲ့ ဒဏ်ခတ်မှုကို ခံရလိမ့်မယ်။ ပြည်သူလူထုက ထောက်ခံအားပေးတဲ့ ၈၈မျိုးဆက်အဖွဲ့ကို ဘင်္ဂါလီငါးခုံးမကြောင့် တစ်လှေလုံးပုတ်မှာကို စိတ်ပူမိပါတယ်။ ၈၈မျိုးဆက်အဖွဲ့ကို ပြည်သူလူထုနဲ့ တစ်သားတည်းရှိစေချင်တယ်။

အမျိုးသားရေးစိတ်ဓာတ်နိုးကြားနေတဲ့ မြန်မာ လူထုဟာ ဘင်္ဂါလီနဲ့ပတ်သတ်တဲ့လူတွေဆိုရင် ၈၈မျိုးဆက်မ ကလို ၉၉မျိုးဆက်ဆိုရင်တောင် သည်းခံမှာမဟုတ်ဘူးဆိုတာကို စေတနာနဲ့ သတိပေးလိုပါတယ်။

Burma Campaign UK အဖွဲ့က ဝေနှင်းပွင့်သုန်၊ဇိုရာဖန်းတို့ ဦးဆောင်ပြီး သမ္မတဦးသိန်းစိန် ယူကေလာခိုက်မှာ မြန်မာပြည်ကို ရ၀မ်ဒါလို မဖြစ်ပါစေနဲ့ဆိုပြီး မြန်မာပြည်မှာ ရ၀မ်ဒါလို ဘင်္ဂါလီတွေ မွတ်ဆလင်တွေကို လူမျိုးဖြုတ်သတ်ဖြတ်မှုတွေ လုပ်နေသလို ထင်ယောင်ထင်မှားဖြစ်အောင် လိမ်ညာဝါဒဖြန့်ပြီး ဆန္ဒပြပြီး မြန်မာပြည်သိက္ခာကျအောင် လုပ်ခဲ့တယ်။

ဒီလို လုပ်လို့ သမ္မတဦးသိန်းစိန်တစ်ယောက်တည်း သိက္ခာကျသလား? မြန်မာ နိုင်ငံသားအားလုံး သိက္ခာကျသလား စဉ်းစားကြည့်ပါ။ ကြံ့ခိုင်ရေးပါတီက ဖြစ်ဖြစ် ခွပ်ဒေါင်းပါတီကဖြစ်ဖြစ် နို်င်ငံတော်သမ္မတ က နိုင်ငံခြားခရီး သွားတာ နိုင်ငံကို ကိုယ်စားပြုပြီးသွားရာမှာ ခုလို မမှန်မကန်ဝါဒဖြန့်မှုတွေ နဲ့ ဒေါ်လာရဖို့ အတွက်နဲ့ နိုင်ငံ တကာမှာ မြန်မာနိုင်ငံသိက္ခာကျ မျက်နှာပျက်ရမဲ့ကိစ္စတွေကို လုပ်စားနေကြတာတွေကို ဘကတအဖွဲ့က ပြင်းပြင်းထန်ထန်ရှုံ့ချပါတယ်။

အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လွှတ်တော်ပေါ်မှာ ဆွေးနွေးနေချိန်မှာ ပြည်တွင်းမှာ လွတ်လွတ်လပ်လပ်ပြောဆို ရေးသားနေချိန်မှာ ခုလိုပြည်ပမှာ မြန်မာနိုင်ငံခေါင်းစဉ်တပ်ပြီး ပိုက်ဆံယူပြီး လုပ်စားနေတဲ့အဖွဲ့တွေလည်း မရှိသင့်တော့ပါဘူး။ သူတို့လုပ်နေတာတွေကရော မြန်မာပြည်က သာမန်ပြည်သူတွေအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ကောင်းကျိုးဘာများရှိပါသလဲ? မြန်မာအရေးခေါင်းစဉ်တပ်ပြီး အဖြူတွေက လုပ်စားသွားတာနဲ့ ဝေနှင်းပွင့်သုန်လို ဇိုရာဖန်းလိုလူတွေက အရိုးကိုက်ရတာပဲရှိတယ်။ နိုင်ငံရေးစိတ်ဓာတ်တကယ်ရှိတဲ့လူတွေဆိုရင် ကိုယ်စီးပွားဖြစ်ဖို့အတွက် ကိုယ့်တိုင်းပြည်နဲ့လူမျိုးကို ခုတုံးမလုပ်ပါနဲ့လို့ပြောချင်တယ်။

ကိုမြအေးကိုရော ဝေနှင်းပွင့်သုန်ကိုရော ပြောချင်တာက ခုလို မြန်မာနိုင်ငံကို သစ္စာမရှိဘဲ ဘင်္ဂါလီတွေဘက် က ရပ်တည်လှုပ်ရှားနေလို့ ပြည်တွင်းမွတ်ဆလင်တွေအတွက် ဘာများကောင်းကျိုးရှိ မှာလဲ? ပြည် တွင်း မွတ်ဆလင်တွေနဲ့ ဗုဒ္ဓ ဘာသာတွေ အဆင်ပြေသွားမှာလား ပိုပြီး အမုန်းပွားသွားမှာ လား သေချာ စဉ်းစားသင့်တယ်။ ဘင်္ဂါလားက ကျူးကျော်လာတဲ့ ဘင်္ဂါလီတွေကောင်း ကျိုးအတွက် ပြည်တွင်းနေ မွတ်ဆလင်တွေရဲ့ အကျိုးကို စတေးပစ်မယ်ဆိုရင်လည်း ဒါဟာ သင်တို့ရဲ့ ရွေးချယ်မှုပါပဲ။

၈၈မျိုးဆက်အဖွဲ့အနေနဲ့လည်း ကိုယ့်ရဲဘော်ရဲဘက်တစ်ယောက်ဖြစ်တဲ့ ကိုမြအေးကို ပြောသင့်တာ မပြောဘဲ ပျော့ညံ့နေမယ်ဆိုရင် အဖွဲ့ရဲ့ အလားအလာမကောင်းပါဘူး။ အဖွဲ့ရဲ့ အနာဂတ်ကို အဖွဲ့ဝင်တစ်ယောက်နဲ့ ခင်မင်မှုအတွက်နဲ့ စတေးမပစ်ပါနဲ့။ ထပ်ပြောမယ်။ ပြည်သူတွေဟာ ဘင်္ဂါလီအရေးနဲ့ပတ်သတ်ရင် ၈၈ မကလို ၉၉မျိုးဆက်ဆိုရင်လည်းသည်းမခံပါဘူး။

----------------------------------------

နိုင်ငံရေးလုပ်စားတွေရဲ့ သဘောထား

အခုလို ဆိုက်ရောက်လာတဲ့ မြန်မာသမ္မတဦးသိန်းစိန်ရဲ့ ဗြိတိန်ခရီးစဉ်အတွင်း ၀န်ကြီးချုပ် ဒေးဗစ် ကမရွန်း (David Cameron) အစိုးရက ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ Burma Campaign UK ရဲ့ပြောခွင့်ရ (Mark Farmaner) က ဗွီအိုအေကိုပြောပါတယ်။

"ဗြိတိသျှအစိုးရက သမ္မတ ဦးသိန်းစိန်ကို ကောဇောနီ ခင်းပြီး ကြိုဆိုတဲ့အတွက် Burma Campaign UK အနေနဲ့ သိပ်ကို စိတ်ပျက်မိပါတယ်။ သမ္မတ ဦးသိန်းစိန်အနေနဲ့  နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိတ် (William Hague) ဆီကို လာပြီး တွေ့ဆုံမယ့်အစား The Hague မှာရှိတဲ့ နိုင်ငံတကာ စစ်ခုံရုံးကိုပဲ လည်ပတ်သင့်ပါတယ်။

မြန်မာပြည်ကို ခုတုံးလုပ်ပြီး နိုင်ငံရေးလုပ်စားသူတွေရဲ့ လှုပ်ရှားမှုတွေကို အောက်ပါလင့်ကနေ ၀င်ကြည့်နိုင်ပါတယ်။

https://www.facebook.com/burmacampaign
============================

From: ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့

www.mmdailystar.com

အိမ်ထောင်သက်ကိုးလပြည့်မှာဆိုတေးဇနီးဝင့်ကုဋေသူ၏ကြေကွဲဖွယ်ဈာပန

Posted: 16 Jul 2013 04:30 AM PDT





မန္တလေးပြည်သူ့ဆေးရုံ ကြီးမှာဆေးကုသမှုခံယူနေတဲ့ ဆိုတေးကိုခင်မင်ရင်းနှီးတဲ့ အနုပညာရှင်တွေက ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းစကားများ ဆိုကြ သလို၊ ကိုယ်တိုင်သွားရောက်သတင်းမေးမြန်းကြသူတွေလဲရှိကြပါတယ်။ ဒီလိုကိုယ်တိုင်သွားရောက်သတင်းမေးမြန်းသူတစ်ဦးဖြစ်တဲ့သရုပ်ဆောင်နန္ဒက ဆိုတေးရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး... "ကျွန်တော်မနေ့ကနေ့လည်၁နာရီခွဲလောက်က ဆိုတေးကို သတင်း သွားမေးဖြစ် ပါတယ်။ သူက ဦးခေါင်းကိုထိသွားတယ်။ ဦးခေါင်းချုပ်တာ အားလုံး ၄၁ချက်ချုပ်ရတယ်။

 အဲ့ဒီရဲ့မေ့ဆေးအရှိန်နဲ့ နောက်ထပ်၁ရက် ၂ရက်လောက်တော့ သတိရဖို့ ကြာဦးမယ်။ သူ့မှာ အသိလေးတော့ ရှိပါတယ်။ သူ့ကိုအနီးကပ်ကြည့်ခဲ့တယ် ။အောက်ဆီဂျင်ပေးထား တာတွေရှိ တယ်။ ဝမ်းသာစရာကောင်းတဲ့ တိုးတက်မှုကတော့ လူတစ်ယောက်မှာ ဦးနှောက် အသိဥာဏ် က ၁၅ ရှိတယ်။ အခုသူက ဆေးရုံစရောက်လာ တဲ့အချိန်မှာ ၃.၅ပဲရှိတယ်။ မနေ့က ကျွန်တော်ရောက်တုန်းက ၄ ရှိတယ်။ ဒီနေ့မနက်မှာ ၅ ရှိလာပြီ။ ၇ ရောက်လာပြီဆိုရင်တော့ သူသတိရလာလိမ့်မယ် လို့ ပြောတယ်" လို့ ပြောပါတယ်။ ဆိုတေးနဲ့အတူ ကားအက်ဆီးဒင့်ဖြစ်စဉ်က ကွယ်လွန်သွားတဲ့ ဆို တေးရေးရဲ့ဇနီး ဝင့်ကုဋေသူ(ခ)မချောချောဈာပနကို ယနေ့ ဇူလိုင်လ ၁၆ရက် နေ့ လည်တစ်နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသဂြိုဟ်မည်ဖြစ်ကြောင်း သိရပါတယ်။

 ကွယ်လွန်သွားတဲ့ ဝင့်ကုဋေသူ(ခ)မချောချာက ဆိုတေးရဲ့ ဇနီး လား၊ ချစ်သူလားဆိုပြီး ဝိဝါဒကွဲပြားတာတွေ ရှိနေပေမဲ့ဆိုတေးရဲ့ အစ်ကိုဖြစ်သူ ကိုဇာနည်ရဲ့ ပြောပြချက်နဲ့အတူ ဆိုတေးရဲ့ တရားဝင်ဇနီးဖြစ် ကြောင်းကို သရုပ်ဆောင် နန္ဒက"အပြင်က သတင်းတွေက ဒီကောင်မလေးက ဆိုတေးနဲ့ တရားဝင် မယူရသေးဘူးလို့ ကြားတာတွေနဲ့ ပြောကြတဲ့ အပေါ်မှာ ကောင်မလေးရဲ့ မိဘတွေက ပြန်ကြားတော့ သူတို့သမီးလေးရဲ့ ဆုံးသွားတဲ့အတိုင်းအတာမှာ သူ့နောက်ဆုံးခရီးတောင် ဖြောင့်ဖြောင့်သွားစေချင်တယ်။ ဆိုတေးတို့ဘက်က လည်း ဆိုတေးတို့ အသိုင်းအဝိုင်း ဆိုတေးတို့ အစ်ကိုတွေ၊မိဘတွေက ဒီကိစ္စ ကို ပြောတာမဟုတ်ဘူး။ ဆိုတေးအစ်ကို ဇာနည်ကိုယ်တိုင်က ကျွန်တော့်ကို ပြောပြီး အကူအညီတောင်းတယ်။

 သူလည်း ဆေးရုံထဲမှာရောက်နေတဲ့ အတွက် ဒါလေးတော့ အားလုံးသိအောင် ကြေညာပေးပါ။ သူကိုယ်တိုင်ပြော တာပါ။ အခု သေဆုံးသွား တဲ့ကောင်မလေးက ဆိုတေးရဲ့ တရားဝင်ဇနီးဖြစ် ပါတယ်ဆိုတာကို အားလုံး သိအောင် ပြောပေးစေချင်တာပါ"လို့ ပြောပါ တယ်။ ဆိုတေးနဲ့ ဝင့်ကုဋေသူ (ခ)ချောချောတို့က ၂ဝ၁၂ခုနှစ်၊ အောက်တို ဘာ ၁၆ရက်နေ့၊ ညနေ၄နာရီတွင် သထုံမြို့ အမှတ်(၁)၊ သီဟဓန လျှပ်စစ် ပစ္စည်းဆိုင်နေအိမ်မှာ ဘားအံမြို့က တရား သူကြီးရှေ့မှောက်တွင် နှစ်ဖက် မိဘအစုံနဲ့ တရားဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။



From: (photo credit -So Tay)

www.mmdailystar.com

ဗိုလ်ချုပ်အောင်ဆန်း တည်းခိုခဲ့သည့် ဟိုတယ်နှင့် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သည့် အခန်းအား နိုင်ငံတော်သမ္မတကြီး သွားရောက် လေ့လာ

Posted: 16 Jul 2013 03:30 AM PDT





ဗြိတိန်နိုင်ငံရောက် နိုင်ငံတော်သမ္မတကြီးသည် ဇူလိုင်လ ၁၅ ရက်နေ့တွင်
မြန်မာ့လွတ်လပ်ရေးအတွက် ဆွေးနွေးခဲ့စဉ် ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း
တည်းခိုခဲ့သည့် ဟိုတယ်နှင့် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သည့် အခန်းအား
သွားရောက် လေ့လာခဲ့သည်။

အဆိုပါလေ့လာရေးအစီအစဉ်မှာ နိုင်ငံတော်သမ္မတကြီး၏ ကြိုတင်မေတ္တာရပ်ခံချက်အရ အိမ်ရှင်ဗြိတိန် အစိုးရက  စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၍ ဟိုတယ်အား ပြန်လည်ပြုပြင် မွမ်းမံ ထားခြင်းများကြောင့် အခန်းဖွဲ့ စည်းပုံ၊ အပြင်အဆင်၊ အထားအသို အနေအထား စသည်တို့မှာ ဗိုလ်ချုပ်အောင်ဆန်း တည်းခိုနေ ထိုင်စဉ် ကအတိုင်း မရှိတော့ပေမယ့်လည်း ဟိုတယ်မှ မှတ်တမ်း မှတ်ရာများ ထားရှိပေး ထားကြောင်း    တွေ့ရှိရသည်။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဤအခန်း၊ ဤနေရာတွင် တည်းခိုခဲ့စဉ် က မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တွေးတောခဲ့ပုံ ရသည့် အခြေအနေများကို ပြန်လည်မြင်ယောင် ခံစားကြည့်နိုင်ပေသည်။

ဤနေရာ ဤအခန်းတွင် တည်းခိုနေထိုင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် ထိုစဉ်အခါက မည်သို့မည်ပုံ သတ္တိမွေးခဲ့သည်၊ မည်သို့မည်ပုံ စိတ်ဖိအားများကို ဖယ်ခွါချခဲ့ရသည် စသည်တို့ကိုလည်း ပြန်ပြောင်း စဉ်းစားကြည့်နိုင်ပေသည်။

ခိုင်မာသော သန္နိဌာန်စိတ်ဖြင့် (၁)နှစ်အတွင်း လွတ်လပ်ရေး အရယူပေးမည် ဟူ၍ ပြည်သူသို့ ကတိကဝတ်ပြုထားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် နေမဝင် အင်ပါယာထူထောင် ထားရှိသော ဗြိတိသျှ တို့နှင့် အကြိတ် အနယ် ဆွေးနွေးရန် ကြိုတင်ပြင်ဆင်ဆောင် ရွက်ခဲ့ပုံများကို တွေးတောခံစားနိုင်သော အခန်းလည်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ အငွေ့အသက်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်များ ကျန်ရစ်နေဦး မည် ဟူသော မျှော်လင့် ချက်များလည်း ဖြစ်ပေါ်လာစေနိုင်သော သမိုင်းဝင်အခန်းတစ်ခန်း ဖြစ်သည်။

ဤနေရာ ဤအခန်းလေးသည် ဟိုတယ်ပိုင်ရှင်၊ အိမ်ရှင်ဗြိတိန်နိုင်ငံအတွက်သာမက လာရောက်တည်း ခိုနေထိုင်ကြသူတို့အတွက် ထူးခြားကောင်း ထူးခြားပေလိမ့်မည်။

သို့သော်-

ဤနေရာ ဤအခန်းလေးသည် မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တည်းခိုနေထိုင်ခဲ့သည့် သမိုင်းတန်ဘိုး ကြီးမြတ်လှသော သမိုင်းဝင်အခန်း(၁)ခန်း ဖြစ်ပေလိမ့်မည်။

From:Hmuu Zaw

www.mmdailystar.com

တိုင်းပြည်ကို သိက္ခာချနေသည့် ပြည်ပရောက်မြန်မာများ

Posted: 16 Jul 2013 01:39 AM PDT


အဟက်စ် ဗြိတိန်မှာ ဆန္ဒပြတယ်တဲ့ ..


သမ္မတကြီးကို ဆန္ဒ ပြကြတယ်တဲ့ ..
ဘာ့ကြောင့် ပြတယ်ထင်သတုန်း ..... ။
-
-

မြန်မာသမ္မတ ဦးသိန်းစိန်ကို ဗြိတိန်အစိုးရက အကောင်းမြင် ကြိုဆိုတဲ့အပေါ်
စိတ်ပျက်မိတယ်လို့ Burma Campaign UK က ပြောဆိုလိုက်ပါတယ်။

From / VOA

မှတ်တောင် ထားရဦးမယ် ... ။

အင်းပေါ့ဗျာ ..
ပြောရမှာ အားနာပါတယ် ။

၂ နိုင်ငံ အစိုးရတွေ လက်ဝါးခြင်းရိုက်တော့ ၊
ပြည်ပြေး ၁ သိုက် ၊ ၀ဲ ကိုက်တာပေါ့ ။


Phay Sit Gyi


ဒါကတော့ ဖေစစ်ကြီး အမြင်ပေါ့လေ ကျွန်တော်ကတော့
အရင်ကလို သမ္မတကြီး ဆန္ဒပြခံရတယ်ဆိုရင် ဘာမှ မလုပ်တော့ဘူး
ဖြေရှင်းချက်လည်း မတင်တော့ဘူး မထုတ်တော့ဘူး
ဘာ့ကြောင့်လဲဆိုတော့ လမင်းကို ခွေးဟောင်တာဖြစ်နေသလိုဖြစ်နေတာရယ်
နောက်တစ်ချက်က သမ္မတကြီးကိုယ်တိုင်က အဲဒီကိစ္စတွေကို သဘောထားကြီးကြီး
ဘာမှ မပြောပဲဖြစ်နေတာရယ်ကြောင့် မပြောလိုတော့ဘူး...

ဒါပေမဲ့ ခါတိုင်းလို လူမဟုတ်ပဲ ၈၈ ကကိုမြအေးသမီးဖြစ်နေတယ်ဗျာ
အဲဒီတော့ သူ့ အဖေ ကိုမြအေးနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ယူဆလို့လည်းရတယ်
အဲဒီအတွက်ကြောင့် အဲဒါကို အဖြေသိရအောင် စောင့်နေမယ်....
ဒါပေမဲ့ ကိုမြအေး သမီး ဝေနှင်းပွင့်သုန်ကတော့ ဘယ်လို အဆင့် ဘယ်လောက်
အဆင့်ရှိတယ်ဆိုတာကိုတော့ မပြောတော့ပါဘူး လူတိင်းသိကြမယ်ထင်ပါတယ်လေ....

From:Nay Min

www.mmdailystar.com

No comments: